သတင်း
စဉ့်ကိုင်မြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်
2025-08-11
စဉ့်ကိုင် ဩဂုတ် ၉
စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား ဩဂုတ် ၈ ရက်က မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းများမှာ ကင်းလပ်- မြောက်တောကြီး--တအုံကျေးရွာချင်း ချိတ်ဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ညောင်ပင်ကြီး- ထန်းသုံးပင် - ကင်းလပ်ကျေးရွာချင်း ချိတ်ဆက်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဖြစ်သည်။
ကျော်စွာ(စဉ့်ကိုင်)