သတင်း

ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားတောင်သူများသို့ ပဉ္စမအကြိမ်မြောက် မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

2025-08-08

နေပြည်တော် ဩဂုတ်  ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ၊  ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ ပြည်ထောင်စုဘတ်ဂျက်မှ အရင်းမပျောက်မတည်ငွေကျပ်သိန်း(၁၆၀)နှင့်တိုးပွားငွေများဖြင့် ပဥ္စမအကြိမ်မြောက် မျိုး၊ သွင်းအားစု များ ပေးအပ်ပွဲ အခမ်းအနားကို ကျေးရွာရှိ KC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့် တက်ရောက် ၍ ၂၀၂၂ ခုနှစ်၊ နိုင်ငံတော်ဘဏ္ဍာမှ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးအသင်းရှိ အသင်းသားတောင်သူ များအတွက် ကျပ်(၄)သန်းတန်ဖိုးရှိ မျိုးစပါးများနှင့် ကျပ်(၁၂)သန်းတန်ဖိုးရှိ သဘာဝမြေဩဇာ၊ သွင်းအားစုများကို စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး၊ သီးနှံများ အထွက်တိုးလာစေရေး ရည်ရွယ်၍ အရင်းမပျောက်မတည်ငွေ ကျပ်(၁၆)သန်းကို သီးနှံပေါ်ချိန် ပြန်ဆပ်စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း၊ အသင်းသားတောင်သူများ အနေဖြင့် စိုက်ပျိုးချိန်မီ မျိုး၊ သွင်းအားစုများရရှိပြီး တာဝန်သိတက်စွာ ပြန်လည်ပေးဆပ်ခြင်းတို့ကြောင့် အသင်းမှ တိုးပွားငွေ များဖြင့်  ယခု ပဥ္စမအကြိမ်မြောက်မှာ မျိုး၊ သွင်းအားစုများအတွက် ကျပ်သိန်း(၂၇၀)ကို ပံ့ပိုး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မိုးစပါးပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် အသင်းသား တောင်သူများမှလည်း အထွက်တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ သွင်းအားစုများကို မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုစေလိုကြောင်းနှင့် သီးနှံပေါ်ချိန်တွင် တက်ညီ လက်ညီဖြင့် ပြန်လည်ပေးဆပ်ရန်လိုအပ်ကြောင်း၊ မိမိ၏အသင်းဝင်ငွေရရှိ ဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိတို့ကျေးရွာအတွက် အကျိုးပြုလုပ်ငန်းများ၊ အသင်းသားမိသားစုများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး မျိုး၊ သွင်းအားစု များအတွက် ပဥ္စမအကြိမ်မြောက် ပံ့ပိုးငွေကျပ်သိန်း(၂၇၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience