သတင်း

ထားဝယ်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး

2025-08-08

ထားဝယ် ဩဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ထားဝယ်မြို့နယ်၊ ကျောက်မော်ရပ်ကွက်၊ လမ်းမသစ်လမ်း ဦးပိုင်အမှတ် ၁၃/၁ ၌ရွှေဝါမြေစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်း များကို ယမန်နေ့မွန်းလွဲပိုင်းက  တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက မိုးစပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေး ဂရုစိုက်ဆောင်ရွက်သွားရန် တောင်သူ များအားမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience