သတင်း

ရမည်းသင်းမြို့နယ် နတ်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်

2025-08-07

ရမည်းသင်းမြို့နယ် နတ်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်

ရမည်းသင်း    သြဂုတ်    ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာ‌ရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် သိမ်ကုန်းကျေးရွာအုပ်စု၊ နတ်စင်ကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ  ဝန်ထမ်းများက လက်စွဲပါစာစောင်နှင့်အညီ ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
 

ရမည်းသင်းမြို့နယ် နတ်စင်ကျေးရွာ၌ ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်းသုံးရာဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မျိုးကောင်းမျိုးသန့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။

သူသူငြိမ်း

အခြားသတင်းများ
DRD Smart Village
Install App for Better Experience