သတင်း

ပဲခူးတိုင်းဒေသကြီး သမဝါယမကဏ္ဍက ငါးများ မွေးမြူထုတ်လုပ်

2025-08-08

ပဲခူး ဩဂုတ် ၇

သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ကျောက်တံခါး၊ လက်ပံတန်းနှင့် သဲကုန်းမြို့နယ်များရှိ ငါးကုန်ထုတ်သမဝါယမအသင်းတို့၏ အသင်းပိုင်ငါးကန်များ၌ ငါးမျိုးစုံ မွေးမြူထားရှိသည်။

အဆိုပါ အသင်းပိုင်ငါးကန်များအနက် ကျောက်တံခါးမြို့နယ်၊ ကန်သာယာငါးကုန်ထုတ် သမဝါယမအသင်းနှင့် သဲကုန်းမြို့နယ်ရှိ ချမ်းမြေ့ငါးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်းတို့၏ ငါးမွေးမြူရေးကန်များမှ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးခေါင်းပွနှင့် ငါးကြင်း ပိဿာချိန် ၁၅၉၁၄.၀၈၁ ပိဿာကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် လက်လီလက်ကား ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience