သတင်း

တောင်တွင်းကြီး - မြို့သစ် - နတ်မောက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်

2025-08-07

မြို့သစ် ဩဂုတ် ၆

            မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ပေပင်ရိုး-ပုဂံမျှော် (တောင်တွင်း ကြီး - မြို့သစ် - နတ်မောက်) လမ်းကို ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဩဂုတ် ၅ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် တာဝန်ရှိသူများက ပေပင်ရိုး- ပုဂံမျှော် (တောင်တွင်းကြီး- မြို့သစ်-နတ်မောက်) လမ်းကို  ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

             အဆိုပါ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ၇၆ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ် ဇွန်လတတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience