သတင်း

မြို့သစ်မြို့နယ် ပေပင်ရိုး-ပုဂံမျှော်(တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

2025-08-06

မြို့သစ်မြို့နယ် ပေပင်ရိုး-ပုဂံမျှော်(တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

************************************************************************

မြို့သစ်   ဩဂုတ်     ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ပေပင်ရိုး-ပုဂံမျှော် (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဩဂုတ် ၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် တာဝန်ရှိသူများက ပေပင်ရိုး-ပုဂံမျှော် (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်က ပေပင်ရိုးကျေးရွာနှင့် ပုဂံမျှော်ကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့စေရေး ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားခဲ့သည်။

အဆိုပါ အရှည်ပေတစ်မိုင်၊ အကျယ် ၁၈ပေ၊ အမြင့် ရှစ်လက်မရှိ ပေပင်ရိုး-ပုဂံမျှော် (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၇၆သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ်  ဇွန်လ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience