သတင်း

ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

2025-08-06

ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၆

ပြည်ထော်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီရန်ပုံငွေဖြင့်  ကြို့ပင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကြို့ပင်ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အဆိုပါ ကြို့ပင်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၁၃၉၂ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မထုခင်းခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေကျပ် ၈၅ ဒသမ ၃၉၉ သန်းဖြင့် တင်ဒါအောင်မြင်သည့် ZCO ကုမ္ပဏီမှ ဇူလိုင်လဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးထံမှသိရသည်။

သူသူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience