သတင်း

ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ကျုံပျော်မြို့နယ် ကျွန်းရွှေဝါဘဲမွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

2025-08-05

ကျုံပျော် ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အင်းရဲကျွန်း‌ကျေးရွာအုပ်စု ကျွန်းရွှေဝါ ဘဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဦးစီးမှူးသည် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ရီရီမွန်နှင့် ဝန်ထမ်းများလိုက်ပါ၍ အင်းရဲကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျွန်းရွှေဝါ ဘဲမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသား (၃၉)ဦးတို့နှင့်တွေ့ဆုံကာ ဘဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် အသင်းသား ဒေါ်မြင့်စိန် မွေးမြူထားသော ဘဲခြံသို့သွားရောက်၍ ဘဲမွေးမြူ ထားရှိမှုအခြေအနေ၊ နေ့စဉ်အစာလိုအပ်ချက်နှင့် ဘဲဥထွက်ရှိနှုန်းတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်း

ဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience