သတင်း

ညောင်ရွှေမြို့နယ်၌ ကျေးလက်လမ်း လုပ်ငန်းစတင်အကောင်အထည်ဖော်

2025-08-04

ညောင်ရွှေ ဩဂုတ် ၃

                 ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းမှစတင်ကာ ရေပယ်(ထက်) -ရေဦး(မြောက်) ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

         အဆိုပါလမ်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးညွန့်ဝင်းအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၂ဝ ဒသမ ၉၄၅ သန်းဖြင့် အကုန်အကျခံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းအရှည်(၀/၄)မိုင်ရှိ၍ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသအတွင်းရှိ ကျေးရွာ ၁၁ ရွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience