သတင်း

ပန်းဘဲတန်းမြို့နယ် "မြတ်လေး" သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

2025-08-14

ပန်းဘဲတန်း ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ "မြတ်လေး" သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို  ပန်းဘဲတန်း မြို့နယ်၊ သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။

အဆိုပါအခမ်းအနားကို ဥက္ကဋ္ဌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးကျော်စွာဦးမှသဘာပတိအဖြစ် ဆောင်ရွက်ပြီး(၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏ စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်နေပုံကို ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်၊ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားတစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမြတ်မှ ဖတ်ကြားတင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူ ဒေါ်သန်းသန်းစိုးက ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူအတည်ပြုခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်က သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများအား အစုအပေါ်အမြတ်ငွေ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ဖြူဖြူဝင်း

ရန်ကုန်တိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience