သတင်း

ဘားအံမြို့၌ “ရွှေဘုန်းကံ” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

2025-08-14

ဘားအံ ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မုက္ကဒိကျေးရွာရှိ ရွှေဘုန်းကံစိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့် နှင့်  တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မုက္ကဒိ‌ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အသင်းသားတောင်သူ (၄၃)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က သမဝါယမဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အသင်းသားများ လိုအပ် သည့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာကိစ္စရပ်များအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ပညာပေးဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ နိုင်ငံတော်ဘက်ဂျက်မှ (၅၀%)ထောက်ပံ့ငွေဖြင့် ဒေဒေါင်း လယ်ယာသုံးစက်ကိရိယာ(၃)စီးအား အသင်းသားများ၏ လယ်ယာများတွင် သက်သာ သောနှုန်းထားများနှင့် ထွန်ယက်ခရယူဆောင်ရွက်ပေးမှုအခြေအနေများ၊ လုပ်ငန်းစတင် လည်ပတ်သည့် အချိန်မှစတင်၍ ယခုလက်ရှိအထိ ရရှိသည့်ထွန်ယက်ခများကို အသင်းပိုင် အနေဖြင့် ရန်ပုံငွေထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းသားများက သိရှိလိုသောအချက်များကို ပြည်နယ်ဦးစီးမှူးမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience