သတင်း

သာစည်မြို့နယ် အခြေခံသမဝါယမအသင်းသားတောင်သူများ မိုးကြိုဝါ ၁၃၇ ဧက စိုက်ပျိုးထား

2025-08-14

သာစည် ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသား တောင်သူ ၄၃ ဦးကမိုးကြိုဝါမျိုး RAKA-666 နှင့် TBL-195 တို့ကို ၁၃၇ ဧကစိုက်ပျိုးထားရာ မိုးကြိုဝါစိုက်ခင်းအခြေအနေများနှင့် ဝါဆွတ်ခူးနေမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးသည်။

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးညီညီဝင်းနှင့်မြို့နယ် အသင်းစုဥက္ကဋ္ဌတို့က ဇီးပင်ပေါက်ကျေးရွာ အောင်ရတနာ-၃ လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်မှအသင်းသားတောင်သူများစိုက်ပျိုးထားသော RAKA-666 မျိုး နှင့်TBL-195 စိုက်ဧက ၃၃ ဧကကို ကြည့်ရှုသည်။ ဆက်လက်၍ ဝါဆွတ်ခူးလျက်ရှိသော အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍  ဝါထွက်ရှိမှုအခြေအနေများကိုမေးမြန်းရာ တောင်သူ များက အကြိမ်ရေ ၈ ကြိမ်ခူးဆွတ်ပြီး ပိဿာချိန် ၄၅၀ ထွက်ရှိကြောင်းနှင့် ကျန်ရှိနေသည် များအား ဆက်လက် ခူးဆွတ်ပြီးပါက ပန်းတိုင်အထွက်နှုန်းရရှိနိုင်ကြောင်း သိရသည်။ ထို့နောက် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ထွက်ရှိလာသည့်ဝါများဈေးကောင်းရရှိရန် ဝါဝယ်ယူသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience