သတင်း

ပြင်ဦးလွင်မြို့နယ်ရှိ ကျေးလက်လမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

2025-08-14

ပြင်ဦးလွင် ဩဂုတ် ၁၃

         မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆင်လမ်း- ဆင်ဖြူအင်း-အုတ်ဖိုကျေးရွာချင်းဆက်လမ်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးလှိုင်မင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

            အဆိုပါလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ သုံးရွာ၊ အိမ်ခြေ ၁၄၇၄ အိမ်၊ လူဦးရေ ၈၂၁၁ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience