သတင်း

ပြည်မြို့နယ် တီတွဒ်-သောကြမ္မာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

2025-08-13

ပြည် ဩဂုတ် ၁၂

       ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တီတွဒ်-သောကြမ္မာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ (ပဲခူးတိုင်းတာဝန်ခံ)နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ (ပဲခူးတိုင်းတာဝန်ခံ)သည် ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်သော တီတွဒ်-သောကြမ္မာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကြောင်းသိရသည်။

(၄၀၁)၊ တင်စိုး(ပဲခူး)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience