သတင်း

ကြို့ပင်ကောက်မြို့နယ်၌ လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

2025-08-13

ကြို့ပင်ကောက် ဩဂုတ် ၁၂

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ ကြိုပင်ကောက်မြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်နုနုထွန်းတို့နှင့်အတူ ယမန်နေ့က ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ပစ္စည်းတင်ဒါဖြင့် ဆောင်ရွက်နေသည့် မြို့လယ်ချောင်း-မကျီးပင်စု- အုတ်ဖိုတော်တနီကုန်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး၍ ကျောက်များ အရွယ်အစားမှန်ကန်ရေး၊ အရည်အသွေး ပြည့်မီရေးနှင့် QC စစ်ဆေးခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience