သတင်း

ထားဝယ်မြို့နယ်၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်း ကြည့်ရှု

2025-08-13

ကွင်းဆင်း ကြည့်ရှု

ထားဝယ်၊ ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ထားဝယ် မြို့နယ်၊ ကူးတို့ကျေးရွာ၊ ၊ထားဝယ်-မြိတ်လမ်း၊ ဦးပိုင်အမှတ် - ၇ ၌ ရွှေဝါထွန်း(၂)စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်း များကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက မိုးစပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး၊ စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်စေရေးဂရုစိုက်ဆောင်ရွက်သွားရန်နှင့် အသင်းမှလိုအပ်သည့် သွင်းအားစုများရရှိစေရေးအတွက် မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက် ဆောင်ရွက်ပေးကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience