သတင်း

မြစ်သားမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကြည့်ရှုစစ်ဆေး

2025-08-13

မြစ်သား   ဩဂုတ်   ၁၃

မ‌န္တလေးတိုင်း‌ဒေသကြီး မြစ်သားမြို့နယ်၌ မိုးစပါးသီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်  မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများသုံးစွဲမှု နည်းစနစ် များနှင့် အချိန်ကိုက်ရေရရှိ‌ရေး သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ရွာသစ်ကျေးရွာ ရှိ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းသမဝါယမအသင်းပိုင် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်း စစ်ဆေးစဉ် ပြောကြားသည်။

အဆိုပါကျေးရွာတွင် မိုးစပါးသီးနှံ ၂၂ ဒသမ ၀၇ ဧက  စိုက်ပျိုးထားရာ တိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှ တာဝန် ရှိသူများက ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူ များအတွက် လိုအပ်သည်များကို  ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်းသိရသည်။       

ဝါဝါမြင့် (မြစ်သား)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience