သတင်း
ပုဂံမြို့သစ်မှ နတ်မြို့အိုင်ကျေးရွာအဝင်လမ်း ကတ္တရာခင်း
2025-08-13
ညောင်ဦး ဩဂုတ် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပုဂံမြို့သစ်မှ နတ်မြို့အိုင်ကျေးရွာ အဝင်လမ်း အရှည်နှစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မကို ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၂ဝ ဒသမ ၂၅ သန်းဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း