သတင်း

သံတောင်ကြီးမြို့နယ် ကျေးရွာနှစ်ရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

2025-08-13

သံတောင်ကြီးမြို့နယ်  ကျေးရွာနှစ်ရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

‎*********************************

‎သံတောင်ကြီး     ဩဂုတ်     ၁၃

‎‎ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက် အကူပြုစေရန်ရည်ရွယ်၍ သံတောင်ကြီးမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ရွှေနန်းကြီး+ရွှေနန်းကလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးစောဟဲဒိုစိုး နှင့် သံတောင်ကြီးမြို့နယ်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ရွှေနန်းကြီး+ရွှေနန်းကလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(နည်းပညာ) စီမံကိန်းအသင်းဝင်ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူ ၂၉ ဦး ငွေကျပ် ၁၅ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆ ဦး ငွေကျပ် ၂ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၆ ဦး ငွေကျပ် ၁၁ ဒသမ ၉ သန်း၊ စုစုပေါင်း ၅၁ ဦးအား ငွေကျပ် သန်းသုံးဆယ်ကို အတိုးနှုန်းသက်သာစွာထုတ်ချေးပေး ထားပြီး အဆိုပါ ချေးငွေများဖြင့် တနိုင်တပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုဝင်ငွေတိုးပွားလာကြောင်း သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience