သတင်း

ဇေယျာသီရိမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

2025-08-11

ဇေယျာသီရိ ဩဂုတ် ၁၁

ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကြို့ပင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား ဦးတင်ဦး၏ မိုးစပါးစိုက်ဧက ၁ ဒဿမ ၃၀ ဧကတွင် ထိုင်းနှံကောက်စပါးမျိုးအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ခေတ်အေးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာ၊ မရင်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသား ဒေါ်ခင်ဝင်း၏ မိုးစပါးစိုက်ဧက ၂ ဒဿမ ၅၀ ဧကနှင့် ဦးတင်ဝင်း၏ ၁ ဒဿမ ၂၅ ဧကတွင် ဆင်းသုခစပါးမျိုးများ စိုက်ပျိုးဆောင်ရွက်ထားရှိတို့အား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ယခုနှစ်မိုးစပါးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုးစပါး စိုက်ပျိုးဧကအားလုံး ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီစေရေးအတွက် ဦးစီးဌာန ကြီးကြပ်မှုဖြင့် အသင်းသားတောင်သူက မိမိတို့၏လယ်ယာမြေများ ယခင်နှစ်များထက် စပါး အထွက်နှုန်းပိုမိုတိုးလာစေရန် ပါဝင်ဆောင်ရွက်စေခြင်း၊ အဖျက်ပိုးမွှားများအန္တရာယ်မှ ကာကွယ် နိုင်စေရန် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာစသည့် သွင်းအားစုများကို နည်းစနစ် မှန်စွာဖြင့် စံချိန်စံနှုန်းများအတိုင်း အသုံးပြုစေခြင်း၊ ဦးစီးဌာနမှလည်း စဉ်ဆက်မပြတ် ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)

နေပြည်တော်ကောင်စီနယ်မြေ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience