သတင်း

ကျေးရွာလေးရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

2025-08-11

ကျောက်ဆည် ဩဂုတ် ၈

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောတွင်- မယ်ဇယ်တော- ကျားအိုလေး - တုံလုံ ကျေးရွာလေးရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။

         အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည်(၂/၃)မိုင် ရှည်လျားပြီး ယခင်က မြေသား(ကျောက်မှုန့်ဖြူး)လမ်းဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များနှင့် လူမှု ရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၈၄ ဒသမ ၀၆ သန်း အကုန်အကျခံကာ လမ်းအရှည် ဝ ဒသမ ၃မိုင်အား (၂ လက်မ× ၄လက်မ)ကျောက်များဖြင့် လမ်းထု ၆ လက်မ၊ လမ်းအကျယ် ၁၆ ပေအထိ ကျောက်ချောလမ်းအဖြစ် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

        လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက  တောတွင်-မယ်ဇယ်တော- ကျားအိုလေး-တုံလုံကျေးရွာမှ အိမ်ခြေ ၂၉၈ အိမ်၊ လူဦးရေ ၂၇၇၈ ဦး တို့၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားဒေသများနှင့် ဆက်သွယ်ရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၄၈၅)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience