ချောင်းဆုံမြို့နယ်၌ လင်းရောင်ခြည် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
2025-08-11
ချောင်းဆုံ ဩဂုတ် ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် လင်းရောင်ခြည်(ပညာရေး)ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို မြို့နယ်ပညာရေးမှူး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ လင်းရောင်ခြည်(ပညာရေး)ငွေစုငွေချေးသမဝါယမအသင်း(ဥက္ကဋ္ဌ)နှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး သဘာပတိအဖြင့် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီး အရာရှိက အမှာစကားပြောကြားကာ တာဝန်ရှိသူများမှ လင်းရောင်ခြည်ငွေစုငွေချေး သမဝါယမ အသင်း ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားခြင်း၊ အသင်းသား များ၏ စုဆောင်းငွေပေါ်အတိုး၊ အစုအပေါ်အမြတ်များအား ထုတ်ပေးခြင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သော အသင်းသားများ၏ သား၊ သမီး(၁၄)ဦးတို့အား ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို အသင်းသားများမှ အကြံပြုခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
မွန်ပြည်နယ်