သတင်း

ကလောမြို့နယ်၌ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

2025-08-11

ကလော သြဂုတ် ၁၁   

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကလောမြို့နယ်၊‌ ဘော်နင်း‌ကျေးရွာအုပ်စု၊ ညောင်ခါးရှည် ကျေးရွာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက  မိုးစပါးစီမံကိန်းတွင်ပါ၀င်သည့် “ဘုရားပျို” စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ဧက (၃၅၀)စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ပြီး အသင်းမှ လိုအပ်သည့် သွင်းအားစုများအား ရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပြီး ကလောမြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန် မှာကြား၍‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience