သတင်း

မုဒုံမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေထုတ်ချေး

2025-08-08

မုဒုံ    သြဂုတ်   ၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်  ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က အမှာစကားပြောကြား ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဆန်းမင်းထွန်းက  စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်စေရန်နှင့်   စိုက်ပျိုးရေးကဏ္ဍမှ  ကျေးလက်စီးပွားတောင့်တင်းခိုင်မာလာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို     ထုတ်ချေးပေးရခြင်းဖြစ်ကြောင်းနှင့် လိုက်နာရမည့် စည်းမျဥ်း စည်းကမ်းများကို   ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း (၆)သင်းမှ အသင်းသားဦးရေ (၂၆၆)ဦး၏ စိုက်ဧက(၁၃၉၃)ဧကအတွက် အရင်းအတိုးငွေ  စုစုပေါင်း ၂၅၄၁၁၂၀၀၀/-  ကျပ်ကို တာဝန်ရှိသူများက  အသင်းများထံ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ရာမည (ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience