သတင်း
ကရင်ပြည်နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာစည်းဝေး
2025-08-08
ဩဂုတ် ၇
ကရင်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာန ဝန်ထမ်းများငွေစုငွေချေး သမဝါယမ အသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက ပြည်နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်း အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာကို အတွင်းရေးမှူး ဒေါ်ခင်သန္တာချိုက ဖတ်ကြားပြီး အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင် ဒေါ်ပပမော်က နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများအား ဖတ်ကြားပြီး အတည်ပြုချက်များ ရယူခဲ့ သည်။ ထို့နောက် သဘာပတိကနိဂုံးချုပ် အမှာစကားပြောကြား၍ တက်ရောက်လာကြသော
ပြည်နယ်ဦးစီးမှူးက အစုပေါ်အမြတ်ငွေနှင့် ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။