သတင်း

ပင်းတယမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှု

2025-08-07

ပင်းတယ ဩဂုတ် ၆

             ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပေါစံသီးကျေးရွာအဝင်လမ်း ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အောက်ခံလမ်းပြုပြင်နေမှု အခြေအနေကို ဩဂုတ် ၅ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

              အဆိုပါ ပေါစံသီးကျေးရွာအဝင်လမ်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၇၈ ဒသမ ၆၁၉ ကျပ်သန်းဖြင့် မေသိင်္ခကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience