သတင်း

ငဖဲမြို့နယ် ကုန်းသာကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး

2025-08-07

ငဖဲမြို့နယ် ကုန်းသာကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး 

 
ငဖဲ ဩဂုတ် ၇ 
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေးခြင်းကို ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ဆင်ချည်တိုင်ကျေးရွာအုပ်စု ၊ ကုန်းသာကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
ရှေးဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)  ဒေါ်အေးအေးသန့်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့်ကုန်းသာ ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 
 
ဆက်လက်၍ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)  ဒေါ်အေးအေးသန့် နှင့်မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေတို့က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။ 
 
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ကုန်းသာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၈ ဦးထံသို့ ရန်ပုံငွေ  ၃၁၁ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁ ဦးထံသို့ ရန်ပုံငွေ ၂ သိန်း ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ  ၂  ဦးထံသို့ ရန်ပုံငွေ ‌ ၁၉ သိန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ ၄ ဦးထံသို့ ရန်ပုံငွေ ၁၇  သိန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်သူ ၅ ဦးထံသို့ ရန်ပုံငွေ ၂၇ သိန်း စုစုပေါင်း အသင်းသူ/သား ၇၀  ဦးထံသို့ ရန်ပုံငွေ ၃၇၆ သိန်းကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေထံမှ သိရသည်။ 
 
ဇင်မာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience