သတင်း

မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ကွင်းဆင်းစစ်ဆေး

2025-08-08

အမရပူရ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး အဆိုပါ သွင်းအားစုများဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။          

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သာမန်စစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်သီတာစိုးနှင့်အဖွဲ့က အမရပူရမြို့နယ် ဂျိုကျေးရွာ စိုက်ထွေသမဝါယမ အသင်းဥက္ကဋ္ဌ ဦးဇော်မျိုးထွန်း၏ မိုးစပါးစိုက်ခင်းဧက ၅ ဧက၊ seeder စပါးမျိုးစေ့ချ ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက် စက်ကိရိယာဖြင့် စိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း အမရပူရ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးထံမှ သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience