သတင်း

ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာ ၃၂၈ရွာ အား တွင်းဆေးတွင်းမှုတ်ခြင်း နှင့် ကလိုရင်းဆေး‌ခတ်ခြင်းဆောင်ရွက်နမှုစစ်ဆေး

2025-08-08

ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာ ၃၂၈ရွာ အား တွင်းဆေးတွင်းမှုတ်ခြင်း နှင့် ကလိုရင်းဆေး‌ခတ်ခြင်းဆောင်ရွက်နမှုစစ်ဆေး

ဘားအံ ဩဂုတ် ၈

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘားအံခရိုင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များရှိ ရေကြီး နစ်မြုပ်ခဲ့သည့် ကျေးရွာများ၌ ‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာနေပြည်သူများ ကျန်းမာ ရေးနှင့်အညီသန့်ရှင်းသောသောက်သုံးရေများ သုံးစွဲနိုင်စရန် ရည်ရွယ်၍ တွင်း ‌ဆေး၊ တွင်းမှုတ်ခြင်းနှင့် ကလိုရင်ဆေးခတ်ခြင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆောင်ရွက်နေမှုအခြေအနေများ ကို ဩဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က ရေကြီးနစ်မြုပ်ခဲ့သည့် လက်တူးတွင်းများ စက်ရေတွင်းများကို တွင်းဆေးခြင်း၊ တွင်းမှုတ်ခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ပြန်လည်အသုံးပြုနိုင်မည့် အချိန်များနှင့်ပတ်သက်၍  ‌‌‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာသူ၊ကျေးရွာသားများအားရှင်းလင်း‌ေပြာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကာ ရေကြီးနစ်မြုပ်ခဲ့သည့် လက်တူးတွင်းနှင့် စက်ရေတွင်းများအား ကျေးရွာသူ/သားများ သောက်သုံးရေ ပျက်လက်မှု မရှိစေရေး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်တာဝန်ရှိသူများအားမှာကြားသည်။

ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင် ရေကြီးနစ်မြုပ်ခဲ့သည့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာ ၃၂၈ရွာမှ ရေတွင်းပေါင်း ၄၀၀ အား တွင်းဆေးတွင်းမှုတ်ခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်း လုပ်ငန်းဆာင်ရွက်ပေးမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျေးရွာ ၁၁၂ ရွာမှ လက်တူးတွင်း ၁၁၅တွင်းနှင့် စက်ရေတွင်း ၁၅ တွင်းအား တွင်းဆေးတွင်းမှုတ်ခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်ထံက သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience