သတင်း

သမဝါယမအသင်းများမှ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

2025-08-06

တောင်ကြီး  သြဂုတ်  6

ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နမ့်စန်(တ)မြို့နယ်တွင် မိုးစပါးစီမံကိန်းသီးနှံ စိုက်ပျိုးလျက်ရှိသည့် “မိုင်းစိတ်”စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် “နမ့်တိန်း”စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်တို့မှ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများအား ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အသင်းမှ လိုအပ်သည့်သွင်းအားစုများ ရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့်ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပြီး “မိုင်းစိတ်” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသည့် စပါးဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုပြီးနောက်  မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စီမံကိန်းသီးနှံများအား လျာထားချက်ပြည့်မီအောင်  ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience