သတင်း

တံခါးမ - ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောလမ်းခင်း

2025-08-04

ကျောက်ပန်းတောင်း ဩဂုတ် ၃

        ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျောက်ပန်းတောင်း - ချောက်ကားလမ်းမှ တံခါးမ - ရွာပုကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

         အဆိုပါ တံခါးမ – ရွာပုကျေးရွာအဝင်လမ်း ကျောက်ပန်းတောင်း- ချောက်ကားလမ်းမှ ကျောက်ချောလမ်း အရှည်မှာ ငါးဖာလုံ၊ အကျယ် ၁၆ ပေနှင့် ဒု ခြောက် လက်မဖြစ်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၄ ဒသမ ၇၆၃ သန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း

အခြားသတင်းများ
DRD Smart Village
Install App for Better Experience