သတင်း

ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့

2025-07-17

ဟိုပုံး ဇူလိုင် ၁၆

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေး

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ရန်ပုံငွေကျပ် ၅၉ ဒသမ ၄၀၀၀ သန်းဖြင့် ဆောင်ရွက်သည့် ဟိုပုံးမြို့နယ်စံဖူးကျေးရွာဆေးပေး ခန်းသို့သွားသော ပေ ၂၀ ကျောက်ရိုးစီကမ်းကပ်ခုံ၊ သံကူ ကွန်ကရစ်ကြမ်းခင်းတံတား တစ်စင်း တည်ဆောက်နေမှုကို လည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၇၅ ဒသမ ၈၇၀၀ သန်းဖြင့် ဆောင်ရွက်သည့် ဟိုပုံးမြို့နယ် လိုက်ကန်-ပန်လျမ်းမြေသားလမ်း  ဖောက်လုပ်ခြင်း (၁/၀.၈)မိုင် လမ်းအရှည် ၁ ဒသမ ၇၆၁ ကီလိုမီတာအား အကျယ်ပေ ၃၀၊ ဒုလေးလက်မအား လမ်းတာချဲ့၍ အပွန်းခံလွှာခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience