သတင်း

ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းနှင့်တံတားများ ကြည့်ရှုစစ်ဆေး

2025-07-16

ပန်းတနော် ဇူလိုင် ၁၅

      ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ လုပ်ငန်းများကို ဆောလျင်စွာနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် ညှိနှိုင်းပေးသည်။

     ဆက်လက်၍ ဦးစချောင်းကြီး-နိမသောင်- သူဌေးကုန်းလမ်းမြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို သွားရောက်ကွင်းဆင်းကြည့်ရှုရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်  ထားရှိမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြီး အချိန်မီပြီးစီးရေးနှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေး ဆောင်ရွက်ညှိနှိုင်းပေးသည်။

 မြို့နယ်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience