သတင်း

သနပ်ပင်မြို့နယ်၌ သမဝါယမ မိုးစပါးစီမံကိန်းစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရူစစ်ဆေး

2025-07-16

သနပ်ပင် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစီမံကိန်း ဆောင်ရွက်ရာတွင် ကျေးရွာ(၂)ရွာအတွက် အခြေခံသမဝါယမအသင်း(၂)သင်းမှ အသင်းသား တောင်သူ(၁၁၄)ဦးတို့အား မိုးစပါးဧက(၁၂၀၀)စိုက်ပျိုးရန်အတွက် တောင်သူများသို့ မိုးစပါး တစ်ဧကလျှင် ငွေကျပ်(၂၅၀၀၀၀/-)နူန်းဖြင့် ညီမျှသော သွင်းအားစုများကို ကုမ္ပဏီများနှင့် ချိတ်ဆက်၍ မြို့နယ်သမဝါယမအသင်းစုမှ တောင်သူလက်ဝယ်အရောက် ပေးပို့ဖြန့်ဖြူးပေးအပ် ခဲ့ကြောင်း သိရသည်။

ထို့နောက် သနပ်ပင်မြို့နယ်၊ ကမာဖရံကျေးရွာနေ ဒိုင်မွန်းစိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ အသင်းသားဦးစိုးမင်းပိုင်လယ် မိုးစပါးစံပြကွက်(၁၅)ဧကတွင် အောင်နိုင်တိုးစပါးအား လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို မြို့နယ်သမဝါယမ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ဝန်ထမ်းများက သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience