သတင်း

မအူပင်မြို့နယ်၌ ရွှေဖိုးသာစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ မျိုးစပါးများကို အစေ့ချကိရိယာဖြင့် စိုက်ပျိုးလျက်ရှိ

2025-07-16

မအူပင်  ဇူလိုင်    ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာ၌ ရွှေဖိုးသာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ ကွင်းအမှတ်(၇၅၇) ဦးပိုင်အမှတ်(၅)၊ အသင်းသား တောင်သူ ဦးလှအောင်၏ လယ်မြေ ၅ ဧကတွင် မှော်ဘီ ၃ မျိုးစပါးနှင့် ကွင်းအမှတ်(၇၅၇) ဦးပိုင်အမှတ်(၂၄)၊ အသင်းသားတောင်သူ ဦးမောင်ကျော်၏ လယ်မြေ ၈.၂၇ ဧကတွင် စာဖိုးသာမျိုးစပါးများကို အစေ့ချကိရိယာဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience