သတင်း

ရပ်စောက်မြို့၌ သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေး

2025-07-15

ရပ်စောက် ဇူလိုင် ၁၅

`ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသော သမဝါယမအသင်း သားတောင်သူများအား မိုးစပါးစိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် မိုးစပါး စိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မိုးစပါးစိုက်ပျိုးရေးနည်းပညာဆိုင်ရာ သိသင့်သည့် အကြောင်းအရာ များအား သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးရှင်းလင်းဟောပြောပြီး တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience