သတင်း

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

2025-07-15

မြစ်သား ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်   ၂၀၂၅ -၂၀၂၆ ခုနှစ်၊ မိုးကြိုဝါ စိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားရက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် စိုက်ပျိုးထားသည့်  လွန်ကျော်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသားတောင်သူ ဦးသိန်းဝင်း၏  စိုက်ခင်း၊ ပေတောစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသားတောင်သူ ဦးစိန်လွင်နှင့် အသင်းသားတောင်သူ ဦးလှထွန်းတို့၏  Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြစ်သားမြို့နယ်သမဝါယမဦးစီးဌာနမှ  ဦးစီးအရာရှိသည် လွန်ကျော်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းသားတောင်သူ ဦးသိန်းဝင်း၏ ကွင်းအမှတ် ( ၆၃၈)ရှိ စိုက်ဧက(၃.၀)ဧက၊ ပေတောစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းသားတောင်သူ ဦးစိန်လွင်၏ ကွင်းအမှတ် (၆၃၈)ရှိ စိုက်ဧက(၆.၀)ဧကနှင့် အသင်းသားတောင် သူ ဦးလှထွန်း၏ ကွင်းအမှတ် ( ၆၄၂) ရှိ စိုက်ဧက(၃.၀)ဧကတို့တွင် စိုက်ပျိုးထားသော မိုးကြိုဝါ စိုက်ခင်း‌များ အောင်မြင်ဖြစ်ထွန်း‌နေမှုများကို ကြည့်ရှုစစ်ဆေး‌ခဲ့ပြီး တောင်သူဦးကြီးများအား ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုး ထုတ်လုပ်ရန်လိုအပ်‌ကြောင်း၊  ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာများကို သက်ဆိုင် ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှတာဝန်ရှိသူများနှင့် ဒေသခံအသင်းသား တောင်သူများက ကြည့်ရှုစစ်‌ဆေး ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)

 မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience