သတင်း

တပ်ကုန်းမြို့၌ ရုံးပတီစပ်မျိုး စမ်းသပ်စိုက်ကွင်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

2025-07-15

တပ်ကုန်း ဇူလိုင် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်(စီးပွား)ဦးအောင်ပြည့်စိုးသည်  ​မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းတာဝန်ရှိသူများနှင့် အတူ မကျီးပင်ကျေးရွာ၊ မိုးစပါး ၇၃ ဧက စိုက်ပျိုးရန် ထယ်ရေးပြင်ဆောင်ရွက်ထားရှိမှုများနှင့် အသင်းသား ၈ ဦးမှ ရုံးပတီစပ်မျိုး ၁၀ ဧက စမ်းသပ်စိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးချုပ်သည် ကုမ္မဏီနှင့်ပေါင်းစပ်၍ တောင်သူများမှ Contract Farming စနစ်ဖြင့် ရုံးပတီစပ်မျိုးများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး၊ မြေယာပြုပြင်ချိန်အတွင်း စက်ကိရိယာများလိုအပ်ပါက လယ်ယာဝန်ဆောင်သမဝါယမပိုင်စက်များ လိုအပ်သလို ပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ ထွက်ရှိလာသည့် စိုက်ပျိုးသီးနှံများ ကုမ္မဏီနှင့်ချိတ်ဆက်၍ ဈေးကောင်းရရှိအောင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးမည့်အစီအစဉ်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် ဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

နေပြည်တော်ကောင်စီနယ်မြေ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience