သတင်း

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

2025-07-15

ကျုံပျော် ဇူလိုင် ၁၄

            ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ်အတွင်းရှိ ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

           ဦးစွာ တံတားတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းက တံတားလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန် မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

          အဆိုပါ တံတားသည် ညောင်ပင်ဆိပ်အုပ်စု နတ်ကန်ကျေးရွာနှင့် သောင်ရွာအုပ်စု ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားခြင်းဖြစ်ပြီး တံတားပြီးစီးပါက ကျေးရွာ ၇၆ ရွာ၊ အိမ်ခြေ ၆၉၅၇ အိမ်၊ လူဦးရေ ၂၇ဝ၁၄ ဦးအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

အခြားသတင်းများ