သတင်း
ဖျာပုံမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
2025-07-15
ဖျာပုံ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၉ ဒသမ ၈၉၆ သန်းဖြင့် ဆောင်ရွက်မည့် ပဆင-သလိပ်ကြီး-တူးမြောင်း- ဂျိုဝါကြံခင်းလမ်း (၀/၃ ဒသမ ၆) မိုင်မှ (၀/၅ ဒသမ ၆) မိုင်အထိ လမ်းအရှည် ၀ ဒသမ ၄၀၂ ကီလိုမီတာ၊ အကျယ် ၄ ဒသမ ၈၈ မီတာ၊ ဒု ၃၅၀ မီလီမီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို အရည်အသွေး၊ အတိုင်းအတာပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က ဖျာပုံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)