သတင်း
ကျိုက္ကသာကျေးရွာ အဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး
2025-07-14
ကျိုက်ထို ဇူလိုင် ၁၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ကျိုက္ကသာကျေးရွာ အဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ဇူလိုင် ၁၁ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကျိုက္ကသာကျေးရွာ အဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၂၈၉ ဒသမ ၀၀၀ ဖြင့် အောင်မြေရွှေပြည်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပြီး ကျိုက်ထိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)