နမ့်စန်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်
2025-07-14
နမ့်စန်(တ) ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကမ္ဘာသစ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးကျော်ရင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုနှင့် မြို့နယ်သမဝါယမအသင်း စုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမှု ဆောင်ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်း သားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုက Grade-10 နှင့် Grade-11 တို့တွင် လူရည်ချွန်နှစ်ထပ်ကွမ်းရရှိခဲ့သော အသင်းသား ဦးခင်မောင်လတ်၏ သမီး မဖြူစင်ကြယ်ကို ပညာရည်ချွန်ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သောင်းအား ဂုဏ်ပြုပေးအပ်ခဲ့သည်။ ကမ္ဘာသစ်ရောင်းဝယ် ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား(၂၅၇)ဦး၏ အစုပေါ်အမြတ်ငွေ စုစုပေါင်း (၁၇၉၉၀၀၀)ကျပ်ကို စနစ်တကျခွဲဝေထုတ်ပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကမ္ဘာသစ်ရောင်းဝယ် ရေးသမဝါယမအသင်း၏ အမှုဆောင်သစ်များပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)