မိုးနဲမြို့နယ်၌ သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
2025-07-14
မိုးနဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ မြဖူးဝေငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဥယျာဉ် ရပ်ကွက်၊ ဌာနစုပေါင်းရုံးဝန်း အတွင်းရှိ အဆိုပါအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သဘာပတိအဖြစ်အသင်းဥက္ကဋ္ဌက အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လမ်းညွှန်အမှာစကားပြောကြားခြင်း၊ မြဖူးဝေငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်အဖွဲ့အစီရင်ခံစာအား တာဝန်ရှိသူများက ဖတ်ကြား တင်သွင်းခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အသင်းသားစာရင်းစစ်အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းများ ဖတ်ကြားတင်သွင်းခြင်း၊ အသင်းအမှုဆောင်အဖွဲ့၏အစီရင်ခံစာနှင့် အသင်းသားစာရင်းစစ် အစီရင်ခံ စာကို အသင်းသားများအား အတည်ပြုစေခြင်း၊ စုဆောင်းငွေများအတွက် အသင်းသားများအား အတိုးများပေးအပ်ခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သဘာပတိနှင့် အသင်းအမှုဆောင်များ၊ တာဝန်ရှိသူများ အသင်းသူအသင်းသားများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို