သတင်း

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

2025-07-14

မြစ်သား ဇူလိုင် ၁4

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊   မိုးကြိုဝါ စိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်‌ငွေဖြင့် မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် Rakka-999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။   

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မ‌န္တလေးတိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသောင်းဌေးက မြိုင်ကုန်းလယ်ယာနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသား တောင်သူများ၏ ဝါစိုက်ခင်းများဖြစ်သော ဦးမောင်စိုး၏ ကွင်းအမှတ် (၅၃၄)ရှိ စိုက်ဧက(၃.၀၀) ဧက၊ အသင်းသားတောင်သူ ဦးအောင်မြင့်၏  ကွင်းအမှတ် (၅၃၀)ရှိ စိုက်ဧက(၂.၀)ဧက၊ အသင်းသား တောင်သူ ဦးသန်းထိုက်၏ ကွင်းအမှတ်(၅၃၄) စိုက်ဧက(၅.၀)ဧက၊ အသင်းသားတောင်သူ ဦးသိန်းမြိုင်၏ ကွင်းအမှတ်(၅၃၄)စိုက်ဧက (၅.၀)ဧက၊ အသင်းသားတောင်သူ ဦးရွှေမန်း၏ ကွင်းအမှတ်(၅၃၄)ရှိ စိုက်ဧက(၁၅.၀)ဧကနှင့် အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၏ ကွင်းအမှတ် (၅၃၄) စိုက်ဧက(၃.၀)ဧကတို့တွင်  Rakka-999  ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး ဝါကောက်ယူနေသည်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူဦးကြီးများအား ခေတ်မှီ စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုး ထုတ်လုပ် ရန်လိုအပ်‌ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မိုးကြိုဝါစိုက်ပျိုးသည့် အသင်းသားတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မ‌န္တလေးတိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience