သတင်း

ပင်းတယမြို့နယ်၌ ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေ ကွင်းဆင်းစစ်ဆေး

2025-07-14

ပင်းတယ ဇူလိုင် ၁၂

  ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းပက်လက်ကျေးရွာနှင့် တမဲကျေးရွာ ကျေးရွာချင်းဆက်လမ်း ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

   အဆိုပါ ကျေးရွာချင်းဆက်လမ်း အရှည်မှာ ၀/၁ ဒသမ ၇၈ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅ - ၂ဝ၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၈၂ ဒသမ ၆၆၉ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience