သတင်း

သာစည်လမ်းမှ ရွှေတောင်- ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

2025-07-14

မိတ္ထီလာ ဇူလိုင် ၁၃

            မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်- ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

           ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေ ၇၉ ဒသမ ၈၉၅ သန်းဖြင့် မိတ္ထီလာမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှည် ၀/၂၀ မိုင်၊ အကျယ် ၁၆ ပေ ၊ ထု ၉ လက်မရှိ သာစည်လမ်းမှ ရွှေတောင်- ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

            မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၆၀၂)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience