သတင်း
လှည်းကူးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကွင်းဆင်းစစ်ဆေး
2025-07-14
လှည်းကူး ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော် ၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)