သတင်း
ထားဝယ်မြို့နယ် တလိုင်းတောင်-ဇလွန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်း
2025-07-14
ထားဝယ် ဇူလိုင် ၁၁
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် တလိုင်းတောင် -ဇလွန်း ကျေးရွာချင်းဆက်လမ်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ် တာဝန်ခံတို့က ကြည့်ရှုစစ်ဆေးသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အဆိုပါ ကျေးရွာချင်းဆက်လမ်း (၁/၄)မိုင်ကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)