သတင်း
ကျောက်တန်းမြို့နယ်၌ ဆောင်ရွက်နေသည့် ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
2025-07-14
ကျောက်တန်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်သာယာကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ဇူလိုင် ၁၀ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်(တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံသည် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ ရန်ကုန်တိုင်းဒေသကြီး လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
သန့်ဇင်ထွန်း(ကျောက်တန်း)